လာလည်သူများအားလုံးကျမ်းမာချမ်းသာကြပါစေ

Photobucket

အာလုံးကိုကျေးဇူးတင်လျှက်

အဆင်ပြေရန်ဒီကြော်လေးကိုကလစ်ခဲ.ပါ

အဆင်ပြေရင်ဒီကြော်ညာလေးကိုကလစ်ပေးခဲ.ကြပါ

သီချင်းနားထောင်ရန်ဖွှင်.ပါ

Showing posts with label မိမိတို့ Android ဖုန်းရဲ့ pin lock. Show all posts
Showing posts with label မိမိတို့ Android ဖုန်းရဲ့ pin lock. Show all posts

Wednesday, January 7, 2015

မိမိတို့ Android ဖုန်းရဲ့ pin lock, pattern lock, password lock ဖြေနည်း



မိမိတို့ Android ဖုန်းရဲ့ pin lock, pattern lock, password lock တို့ကို မကြာခနဆိုသလိုမေ့နေတက်ကြပါတယ်။ ယခု SmSbypass ဆိုတဲ့ဒီဆော့ဝဲလေးက မေ့နေတက်တဲ့ lock တွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒီဆော့ဝဲလေးထည့်ထားတဲ့ မိမိဖုန်း lock မေ့နေခြင်းကို တခြားသော ဖုန်းကိုအသုံးပြုကာ sms မက်ဆေ့ပို့ခြင်းအားဖြင့် lock ဖြည်နိုင်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ဖို့ မိမိဖုန်းက rooted ဖြစ်ဖို့တော့လိုပါမယ်။ ကဲအသုံးပြုနည်းလေး စ လိုက်ကြရအောင်။
၁။      ။ smsbypass လေးကို install လုပ်ပါ။ root accept မေးရင် allow လုပ်ဖို့မမေ့နဲ့နော်။
၂။      ။ ဆော့ဝဲထဲဝင်လိုက်ပါ။ enable remote password ကိုအမှန်ခြစ်ပါ။ ဒါဆိုရင် လုပ်ငန်းအတွက် အသင့်ဖြစ်ကာ ပြီးစီးပါပြီ။ ဒီနေရာမှာပြောချင်တာက ဒီဆော့ဝဲရဲ့ မူရင်းပတ်ဝက 1234 ဖြစ်ပါတယ်။ ဒီမူလပတ်ဝကိုမသုံးချင်သူတွေက change secret code မှာဝင်ပြီး ပြောင်းလို့ရပါတယ်။
၃။      ။ ဖုန်းရဲ့ lock တွေမေ့သွားတဲ့ မိမိဖုန်းကို တခြားသောဖုန်းနဲ့ lock ဖြေပါတော့မယ်။ ဆိုပါစို့.. lock မေ့ကာဖွင့်မရတဲ့ ဖုန်းထဲမှာ ၀၉၁၂၃၄၅၆၇၈ ဖုန်းနံပတ်ရှိမယ်။ တခြားသောဖုန်းတလုံးမှ ၀၉၁၂၃၄၅၆၇၈ ဖုန်းနံပတ်ထံသို့ 1234 reset လို့ sms ရေးကာပို့ပေးလိုက်လို့ sms ရောက်တာနဲ့ တပြိုင်နက် အဆိုပါ lock ကျနေတဲ့ဖုန်းမှာ screen lock ပြုပြင်နိုင်မဲ့ setting စာမျက်နှာပေါ်လာပါလိမ့်မယ်။ ဒါဆို password, pin, pattern အစရှိသဖြင့် ပြန်လည် နေရာချကာ ပတ်ဝ အသစ်နဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်ဗျာ။ ဒီနေရာမှာ စောစောက change secret code လုပ်ထားသူက 1234 reset နေရာမှာ
မိမိပြောင်းထားတဲ့နံပတ် reset လို့ရေးကာပို့ရမှာပါ။

                     >>>>>download<<<<<