သင် မရှိတဲ့အခါ သင့်အိမ် သင့်ရုံးခန်းမှာ ကျန်နေခဲ့တဲ့ သင့် PC ကို 
သင့်ဖုံး နဲ့ အဝေးကနေ Control လုပ်နည်းပါ။ သင် အလုပ်ကိစ္စနဲ့ 
အပြင်သွားလို့ပဲဖြစ်ဖြစ် ၊ သင့်ရဲ့ PC ကနေ အဝေးကို ရောက်နေတဲ့အချိန်မှာ 
အေးအေး ဆေးဆေး သက်သောင့်သက်သာ သင့်ဖုံးကနေ လှန်းပြီး ထိန်းချုပ်ပေးမဲ့ 
Software ကတော့ TeamViewer ပဲ ဖြစ်ပါတယ်။ သင် လိုအပ်တဲ့ Application 
ဆိုင်ရာ Software များ၊ Game နဲ့ ပတ်သက်တဲ့ Software များ ၊ Ebook များ 
စသည်ဖြင့် သင်အလိုရှိတဲ့ Software တွေ ဒေါင်းလွတ်လုပ်နေတဲ့အခါ  
အချိန်ကြာလို့ မစောင့်နိုင်ရင် သင့်ရဲ့ ဖုံးနဲ့ PC ချိတ်ဆက်ပြီး 
သင့်ဖုံးကို ယူဆောင်သွာပြီး အိမ်မှာ ကျန်ခဲ့တဲ့ PC ကို 
ထိန်းချုပ်နိုင်ပါတယ်။ဒီနည်းလမ်းက ဘာ USB Cable ကြိုးမှ မလိုပါဘူး။ ဒါပေမဲ့ ဖုံးရော PC ရော အင်တာနက် ကွန်နက်ရှင်ရှိနေဖို့ နဲ့ Connection ကောင်းဖို့တော့ လိုတာပေါ့နော် :)
လုပ်နည်းကတော့ လွယ်ပါတယ်။
၁။ PC နဲ့ ဖုံး အတွက် TeamViewer App များကို Install လုပ်ပါ။
၂။ Install လုပ်ပြီးသား TeamViewer ကို ဖွင့်လိုက်ပါ။ PC နဲ့ ဖုံး ၂လုံး ဖွင့်ရမှာပါ။
၃။ PC မှာ ဖွင့်ထားတဲ့ TeamViewer က ပေးတဲ့ Your ID နဲ့ Password ကို ဖုံးထဲမှာ ရိုက်ထည့်ပေးပါ။
ဒါဆိုရင် သင် ဘယ်နေရာသွားသွား PC ကို သင့်ဖုံးကနေ တိုရိုက် ထိန်းချုပ်နိုင်ပါပြီ။ လုပ်နည်းက အရမ်းလွယ်ကူလို့ ဟုတ်ပါ့မလားလို့တောင် ထင်နေပါလိမ့်မယ်။ ကျနော်ကိုယ်တိုင် စမ်းသတ်ပြီးပါပြီ။ ဖုံးက သေးနေတဲ့အတွက် သင့် PC ရဲ့ Screen ကို အပြည့်ဝတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ PC နဲ့ ဖုံး Connected ဖြစ်ပြီဆိုရင် အောက်မှာ ဘားလေးပါပါတယ်။ ဘားလေးမှာ ဆပ်သွားဖူးပုံစံကို ကလစ်လိုက်ပါ။ အဲဒါက Setting ပါ။ Setting မှာသင့်စိတ်ကြိုက် သင့်ဖုံးနဲ့ ကြိုက်ညီမဲ့ Resolution ကို ရွေးချယ်နိုင်ပါတယ်။ ကဲ ဒီလောက် သင့်PC ကို ဖုံးကနေ တိုက်ရိုက် ထိန်းချုပ်နည်း ပြီးပြည့်စုံပါပြီ။ အဆင်ပြေပါစေ...။