လာလည်သူများအားလုံးကျမ်းမာချမ်းသာကြပါစေ

Photobucket

အာလုံးကိုကျေးဇူးတင်လျှက်

အဆင်ပြေရန်ဒီကြော်လေးကိုကလစ်ခဲ.ပါ

အဆင်ပြေရင်ဒီကြော်ညာလေးကိုကလစ်ပေးခဲ.ကြပါ

သီချင်းနားထောင်ရန်ဖွှင်.ပါ

Showing posts with label မဟာမုနိရုပ်ရှင်တော်မြတ် သမိုင်းအကျဉ်း. Show all posts
Showing posts with label မဟာမုနိရုပ်ရှင်တော်မြတ် သမိုင်းအကျဉ်း. Show all posts

Monday, July 21, 2014

မဟာမုနိရုပ်ရှင်တော်မြတ် သမိုင်းအကျဉ်း


မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် သာဝတ္ထိပြည်မှ ရက္ခပူရတိုင်း ဓည၀တီပြည် သို့ နောက်ပါတော် ရဟန္တာ ၅၀၀ နှင့် ဒေသစာရီ ကြွချီတော် မူလေပြီး သေလာဂီရီ တောင်တွင် သတင်းသုံး စံပါယ်တော် မူလေသည်၊ ဓည၀တီ ပြည့်ရှင် စန္ဒာသူရိယ မင်းကြီးသည် သေလာဂီရီ တောင်တွင် မြတ်စွာဘုရားရှင် သီတင်းသုံး နေသည်ကို ကြားကာ သွားရောက် ဖူးမျှော် ကြည်ညိုပြီး ရွှေနန်းတော်သို့ ပင့်ဆောင်၍ အထူးထူးသော ဆွမ်း ဘောဇဉ် တို့ဖြင့် ကပ်လှူပူဇော်ပြီး သောအခါ မင်းနှင့်တကွ တိုင်းသူပြည်သား များကို တရား ရေအေး တိုက်ကျွေးတော် မူလေသည်၊ တရားတော် အဆုံးတွင် ဓည၀တီ ပြည့်ရှင် စန္ဒာသူရိယ မင်းကြီးက " ဘုန်းတော် ကြီးမြတ်လှပါသော မြတ်စွာဘုရား၊ အရှင်မြတ် ပြန်လည် ကြွသွားတော် မူလျှင် တပည့်တော် တို့နှင့်တကွ များစွာသော လူအပေါင်းတို့ ညွတ်ပြောင်း ကြည်ညို ဆည်းကပ် ကိုးကွယ်ရန် ဘုရားရှင် ကိုယ်စား အရှင်မြတ် ရုပ်ပွားတော် မြတ်ကို တည်ထား ကိုးကွယ်ခွင့် ပြုရန် အကြောင်း လျှောက်ထား တောင်းပန် လေသည်"