လာလည်သူများအားလုံးကျမ်းမာချမ်းသာကြပါစေ

Photobucket

အာလုံးကိုကျေးဇူးတင်လျှက်

အဆင်ပြေရန်ဒီကြော်လေးကိုကလစ်ခဲ.ပါ

အဆင်ပြေရင်ဒီကြော်ညာလေးကိုကလစ်ပေးခဲ.ကြပါ

သီချင်းနားထောင်ရန်ဖွှင်.ပါ

Showing posts with label Computer ကိုလေးစေသည့် Windows logs များရှင်းနည်း. Show all posts
Showing posts with label Computer ကိုလေးစေသည့် Windows logs များရှင်းနည်း. Show all posts

Friday, April 4, 2014

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း

ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..