ဆော့ဖ်ဝဲမလို Youtube ဗီဒီယို အလွယ်တကူ Download ယူနည်း 
တကယ် ဘာဆော့ဖ်ဝဲမှ မလိုပါဘူး။ Youtube က ဗီဒီယိုတွေကို အလွယ်တကူ Download ယူလို့ရပါတယ်။ ယူပုံယူနည်းကတော့  -
၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။ 
၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။ 
၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါတယ်။ 
ဥပမာ - ကိုယ်က https://www.youtube.com/watch?v=NG2zyeVRcbs အဲ့ သီချင်းကို ဒေါင်းမယ်ဆိုရင် s ဖြုတ် ss နှစ်လုံး ထည့်လိုက်တဲ့ အခါ 
http://www.ssyoutube.com/watch?v=NG2zyeVRcbs
 ဆိုပြီး ဖြစ်သွား မှာပါ။ ပြီးရင် Enter ခေါက်တော့ savefrom.net 
ဝဘ်ဆိုဒ်ကို Direct လုပ်သွားမှာ ဖြစ်ပါတယ်။ 
အဲ့မှာ  FLV 240p, FLV 
360p, MP4 360p,WebM 360p, 3GP 144p, 3GP 240p အစရှိတဲ့ Format 
များစွာထဲမှာ ကိုယ်ကြိုက်ရာကို ရွေးလိုက်ရုံပါပဲ။ 
ကျနော်ကတော့ 
Download speed 64 Mbps နဲ့မို့ FLV 360p ကို ၄ မိနစ်ထပ် မကြာပဲ 
ပြီးသွားပါတယ်။ လက်ရှိ မြန်မာပြည်က ကော်နက်ရှင် အနေအထားနဲ့ဆိုရင် Format 
နိမ့်တာကို ရွေးမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အင်တာနက်လိုင်းကောင်းနေရလည်း 
ကိုယ် အဆင်ပြေသလို ရွေးချယ် ဒေါင်းသွား နိုင်ပါတယ်။ http မှာ s မဖြုတ်ရင် 
မရပါဘူး။ သူက secure ဖြစ်တဲ့အတွက် untrusted ကော်နက်ရှင်ပဲ ပြမှာ ပါ။ 
ပြီးတော့ youtube ရှေ့ မှာ ss ထည့်ရတဲ့ အကြောင်းက Third party application 
ကုမ္ပဏီဖြစ်တဲ့ savefrom.net ရဲ့  ဒိုမိန်းကို rediret လုပ်သွားလို့ပါ။ 
အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။ 
.<ချစ်သူပျော်ဖို.ဖန်ဆင်းရှင်>blog.com 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment