လာလည်သူများအားလုံးကျမ်းမာချမ်းသာကြပါစေ

Photobucket

အာလုံးကိုကျေးဇူးတင်လျှက်

အဆင်ပြေရန်ဒီကြော်လေးကိုကလစ်ခဲ.ပါ

အဆင်ပြေရင်ဒီကြော်ညာလေးကိုကလစ်ပေးခဲ.ကြပါ

သီချင်းနားထောင်ရန်ဖွှင်.ပါ

Monday, July 21, 2014

မဟာမုနိရုပ်ရှင်တော်မြတ် သမိုင်းအကျဉ်း


မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် သာဝတ္ထိပြည်မှ ရက္ခပူရတိုင်း ဓည၀တီပြည် သို့ နောက်ပါတော် ရဟန္တာ ၅၀၀ နှင့် ဒေသစာရီ ကြွချီတော် မူလေပြီး သေလာဂီရီ တောင်တွင် သတင်းသုံး စံပါယ်တော် မူလေသည်၊ ဓည၀တီ ပြည့်ရှင် စန္ဒာသူရိယ မင်းကြီးသည် သေလာဂီရီ တောင်တွင် မြတ်စွာဘုရားရှင် သီတင်းသုံး နေသည်ကို ကြားကာ သွားရောက် ဖူးမျှော် ကြည်ညိုပြီး ရွှေနန်းတော်သို့ ပင့်ဆောင်၍ အထူးထူးသော ဆွမ်း ဘောဇဉ် တို့ဖြင့် ကပ်လှူပူဇော်ပြီး သောအခါ မင်းနှင့်တကွ တိုင်းသူပြည်သား များကို တရား ရေအေး တိုက်ကျွေးတော် မူလေသည်၊ တရားတော် အဆုံးတွင် ဓည၀တီ ပြည့်ရှင် စန္ဒာသူရိယ မင်းကြီးက " ဘုန်းတော် ကြီးမြတ်လှပါသော မြတ်စွာဘုရား၊ အရှင်မြတ် ပြန်လည် ကြွသွားတော် မူလျှင် တပည့်တော် တို့နှင့်တကွ များစွာသော လူအပေါင်းတို့ ညွတ်ပြောင်း ကြည်ညို ဆည်းကပ် ကိုးကွယ်ရန် ဘုရားရှင် ကိုယ်စား အရှင်မြတ် ရုပ်ပွားတော် မြတ်ကို တည်ထား ကိုးကွယ်ခွင့် ပြုရန် အကြောင်း လျှောက်ထား တောင်းပန် လေသည်"
မြတ်စွာဘုရားရှင် ကိုယ်တော်သည် ရှေးအစဉ် ပွင့်လေပြီးသော နောင်တော်ဘုရား များလည်း ရုပ်ပွား ဆင်းတုတော် တည်ထား ပြုဘူးကြောင်းကို သိမြင်တော်မူ၍ ခွင့်ပြုတော် မူလေသည်၊ ထိုသို့ ခွင့်ပြုတော် မူပြီးသောအခါ စန္ဒာသူရိယ မင်းကြီးသည် ကိုယ်တိုင် ကြီးကြပ်၍ ရွှေ၊ ငွေ၊ ရတနာ ၆၅ တင်းရှိသော ရတနာ အပေါင်းကို ဖိုထိုး အရေကျို စေပြီး ဘုရားရှင်၏ ရုပ်ပွားတော် မြတ်ကို သွန်းလုပ်တော် မူလေသည်၊ ရုပ်ထုတော် သွန်းလုပ်ပြီးစီး သောအခါ ဗုဒ္ဓ ဘုရားရှင် ကိုယ်တော် မြတ်သည် မင်းနှင့် တကွ ပြည်သူ ပြည်သား ဝေနေယျ အပေါင်းတို့ အကျိုးဌာ ကြည်ညိုရန် အတွက် မြတ်စွာ ဘုရားရှင်သည် ရင်ငွေ့တော် မြတ်ကို ယူလျှက် ရုပ်ထု ဦးခေါင်း အတွင်းသို့ ခုနှစ်ခါ ဌာပနာ အဖြစ် ထည့်သွင်း ပေးတော် မူခဲ့လေသည်၊ ထိုအချိန်မှ စ၍ ရခိုင်မင်း အဆက်ဆက် ကိုးကွယ်တော် မူခဲ့ပြီး အလွန် တန်ခိုးကြီးသည်ဟု ယုံကြည် ကြလေသည်၊ မြန်မာမင်းတို့ ကိုးကွယ် လိုသဖြင့် အနော်ရထာ မင်းလက်ထက်တွင် တစ်ကြိမ်၊ အလောင်းစည်သူ မင်းလက်ထက်တွင် တစ်ကြိမ် ပင့်ဆောင်ရန် ကြိုးပမ်း ကြသော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ရက္ခပူရ မြို့ဟောင်း ဓည၀တီပြည်တွင် ပြည်တွင်း သောင်းကျန်း ပုန်ကန်မှု၊ လုယက် ဖျက်စီးမှု တို့ကြောင့် တိုင်းသူ ပြည်သားများ နေ့မအား ညမအား အပူမီး တောက်နေခြင်းကို အမရပူ ရွှေမြို့တော်တည် ဘိုးတော်(ဗဒုံ) မင်း ကြားသိတော် မူသောအခါ သားတော် အိမ်ရှေ့ ဥပရာဇာ သီရီမဟာ ဓမ္မ ဘိဇယ သီဟသူရ ဘွဲ့ခံ ရွှေတောင်မင်းအား ဓည၀တီ ပြည်ကြီးကို သွားရောက် သိမ်းယူရန် အမိန့်တော် ချမှတ် ပေးခဲ့ လေသည်၊ ခမည်းတော် ဘုရင်၏ အမိန့်တော် အတိုင်း သားတော်ကြီး မဟာ ဥပရာဇာ အိမ်ရှေ့မင်းသည် အမရပူ မြို့တော် အထွက် စစ်ကိုင်း အောင်မြေ လောက ဆိပ်ရှိ အောင်မြေ လောက စေတီတွင် သုံးရက် ပူဇော်ကန်တော့ အဓိဌာန် ၀င်ကာ အောင်မြေ နင်းပြီးလျှင် ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ် စစ်ရဲမက်ပေါင်း သုံးသောင်းအား ကိုယ်တော်တိုင် ကြီးကြပ် ၍ တောင်ကြား လမ်းမှ လည်းကောင်း၊ ပင်လယ် ကမ်းခြေ တလျှောက်တွင် စစ်သူကြီး များကို ရေတပ်တွင် ကြီးကြပ် စေ၍ ရဲမက်ပေါင်း တသောင်း စုစုပေါင်း ရဲမက် အင်အားပေါင်း လေးသောင်းဖြင့် ရက္ခပူရ မြို့ဟောင်း ဓည၀တီ ပြည်ကို ချီတတ်တော် မူလေသည်၊ ဘုန်းရှိရောက်က ဘုန်းမဲ့ပျောက်၏ ဆိုသော ရှေးသူဟောင်း တို့ စကားစဉ် နှင့်အညီ ရခိုင် ဘုရင်မင်း မဟာသမတ ရာဇာသည် သားတော်ကြီး အိမ်ရှေ့ ဥပရာဇာ၏ ဘုန်းတော် ရှိန်ကို မခံနိုင် သောကြောင့် ထွက်ပြေး တိမ်းရှောင် သွားတော် မူလေသည်၊ ထိုသို့ ထွက်ပြေား တိမ်းရှောင် နေကြောင်းကို သိသော ဓည၀တီရှိ စစ်သူရဲကောင်း ရဲမက် အပေါင်း တို့သည် စစ်အင်အား မမျှခြင်း၊ အိမ်ရှေ့မင်း ကိုယ်တော်တိုင် ချီတတ် လိုက်ပါလာခြင်း တို့ကြောင့် ခုခံ တိုက်ခိုက်ရန် မ၀ံရဲကြဘဲ လက်နက်ချ အညံခံ သောကြောင့် ဓည၀တီ တစ်မြို့လုံးကို လွယ်ကူ စွားပင် သိမ်းယူတော် မူလေသည်။

ဓည၀တီ ပြည်ကို သိမ်းယူ အောင်နိုင် ပြီးနောက် ရခိုင်ဘုရင်မင်း မဟာသမတ ရာဇာကို ရေကြောင်း၊ ကြည်းကြောင်း စသည်တို့ စည်းကြပ်၍ ဖမ်းစေ ပြီးလျှင် မင်းနှင့်တကွ မိဖုရား ခေါင်ကြီး၊ တောင်ဆောင် မိဖုရား၊ မြောက်ဆောင် မိဖုရား၊ သားတော်၊ သ္မီးတော်၊ မှုးမတ်တော်၊ ဗိုလ်မှုး၊ တပ်မှုး၊ ခြွေရံသင်းပင်းများ ကို လည်းကောင်း ဓည၀တီ ပြည်ရှိ ကြေးရုပ်များ အမြောက် သေနတ်ကြီးများ ကို ပင်လယ် ခရီး မော်တင်ကရစ် ဖြင့် ခက်ခဲ့စွာ အမရပူရ ရွှေမြို့တော်သို့ လှေ အစင်း ၂၀ အင်အားင့် နေပြည်တော် သို့ ဆောင်ယူ ပို့ဆောင် စေခဲ့လေသည်။
ထိုသို့ပို့ဆောင် ပြီးသောအခါ အိမ်ရှေ့မင်း ဥပရာဇာ ကိုယ်တော်တိုင် ကြပ်မ၍ ဓည၀တီ ပြည်တွင် စံပါယ်တော် မူနေသော မဟာမုနိ ရုပ်ရှင်တော် မြန်ကို ၁၁၄၆ ခုနှစ် တပို့တွဲ လဆန်း တွင် ရွှေပန်းခိုင်၊ ရွှေတန်ဆောင်တိုင်၊ ငွေတန်ဆောင်တိုင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက် တို့ဖြင့် ကြဲမြှောက် ပူဇော်၍ ရိုသေစွာ လကျာင်္ ရစ်ရှိခိုး ကန်တော့ပြီး လျှင် ရုပ်ပွားတော် မြတ်ကြီး အား ဖောင်တော်ဖြင့် စတင်ပင့်ဆောင် တော်မူပြီး သံတွဲမြို့ သို့ရောက်  သောအခါ သစ်တောဝန် သီရီဒေ၀ကျော်သူ၊ လက်သမား ဗိသုကာ သီရီဧကရာဇ် တို့အား ကြီးကြပ် စေ၍ လူအင်အား ၅၀၀၀ ကျော်နှင့် ကြည့်းကြောင်း ခရီးဖြင့် တောင်ကုတ် တောင်ကြား လမ်းများမှ ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ပင့်ဆောင် ကြရလေသည်၊ ပြည်မြို့ အောက်ဘက်တွင် ရှိသော ပန်းတောင်းရွာ သို့ အရောက် ပင့်ဆောင် လာပြီးသော အခါ ပြည်ကြီးမွန် ဖောင်တော် နှစ်စင်းတွဲ နှင့် အမရပူရမြို့ အထိ ဧရာဝတီ မြစ်သို့ ရေကြောင်း ခရီးနှင့် မြစ်ကြောင်း အတိုင်း ဆန်တတ် ပင့်ဆောင် လာလေသည်။
 
သက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် (၇) ရက်နေ. တွင် စစ်ကီုင်း ဆိပ်ကမ်း သို. ဆိုက်ရောက် လာသော အခါ ဘီုးတော်(ဗဒုံ)မင်းတရား ကြီး သည် မြေပြင်ပေါ် တွင် စစ်အင်္ဂါလေးပါး ခြံရံစေပြီး အခမ်းနား ကြီးကြယ် စွာ ပြုလုပ် ကျင်း ပ ကာ ဘီုးတော်(ဗဒုံ)မင်းတရား ကြီး ကိုယ်တော် တိုင် မှုးမတ် ပညာ ရှိ များ ခြံရံ၍ ဧရာဝတီမြစ် အတွင်း သို. လည်ပင်းတော် ရေမြုတ် တဲ့ အထိ့ ဆင်းသက် ၍ ပင့်ဆောင်တော် မှုခဲ့လေသည်...။ ရွှေမြို.တော် သို. ဆိုက်ရောက် သော အခါ အမရပူရ မြောက်ယွန်း တက်သေးရွှာ ၏ အရှေ.မြောက် ဆိပ်ကမ်း တွင် ဘောင်တော် ဆိုင်ကပ် ၍ ထို ဖေါင်တော် ဆိပ်အတွင်း လောကထွဋ်ခေါင် (ဘောင်တော်ဦးဘုရား ) စေတီတော် ကို ကိုးကွယ် ထား တော် မှု ပြီး ၁၁၄၇ ခုနှစ် သီတင်းကျွတ် လတွင် ဘီုးတော် မင်းကြီး သည် တက်သေးဆိပ်မှ ယာယီ ကီန်းဝပ်စပ္ပာယ်တော် မှုနေသော မဟာမုနိရုပ်ရှင်တော် မြတ် ကို အမရပူရ မြောက်ယွန်း သာယာ ညီညွတ် လသော မြေပြင် အလယ် တွင် ဖန်မှန် တို. ဖြင့် ပြီးသော အုတ်အင်္ဂတေ အပြင် ရတနာမျီုးစုံ စီချယ် ထား သော ဘုံကီုးဆင့် ရှိ ပြသာဒ် တော်ကြီး အတွင်း မီးတား သုံးထပ် ခြံရံ လျက် လက်ဆေးကန်(ယခု လိပ်ကန်) ခြေဆေးကန် (ယခုငါးကန်) ပါ ၀ဲယာ လေးမျက်နှာ ဗီမာန် အဆောက်အဦး တို. တည်ဆောက် လှူဒါန်း ထား တော်မှု သော ဂန္ဓကုဋိ တိုက်တော် သို. ပင့်ဆောင် လာ ပြီး မဟာမုနိ.ရ်ုပရှင်တော် မြတ် အား တည်ထား ကီုးကွယ်တော် မှု လေသည်။

ရုပ်ပွါးတော် မြတ် ကို အမရပူရ မြို.မြောက်ပြင် ယခုနေရာ တွင် ဘုံကီုးဆင့် ပြသာဒ် နှင့် မြန်မာ မင်း အဆက်ဆက် ကီုးကွယ်လာ ကြပြီး သာယာဝတီ(ရွှေဘို)မင်း လက်ထပ် တွင် မဟာမုနိ ရုပ်ပွါးတော် ကီန်းဝပ် တော် မှုရန် ဂန္ဓကုဋိ ပြသာဒ် ၊ မဟာရံတံတီုင်း ၊ ရေကန် တို. ပျက်စီး နေနေသည် များ ကို အသစ် ပြင်ဆင်တော် မှု ပေးခဲ့လေ သည်။မင်းတုန်းမင်းလက်ထပ် တွင် လည်း ဘီုးတော် မင်းတရားကြီး တည်ထားတော်မှု သင့် ဂန္ဓကုဋိ တိုက်တော် ကြီး ပျက်စီး ယိုယွင်းနေသည် များ ကို မင်းတုန်းမင်း နှင့် မြောက် နန်းဆောင် မိဖုရားကြီး တို. မှ အသစ် ပြုပြင် မွန်းမံ တည်ဆောက် ပြီး ရေစက် သွန်းချတော် မှု ခဲ့လေသည်။

မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် သီပေါမင်း လက်ထပ် တွင် ရတနာပုံမန္တလေးရွှေမြို.တော် အနောက်ပြင် ရပ် တွင် ရှိသော ရတနာဘုမ္မိရပ် မှ မီးသင့် လောင် ရာ မဟာမုနိကိန်းဝပ်စပ္ပာယ်တော် မှုသော ဂန္ဓကုဋိ တိုက်တော် နှင့် စောင်းတန်းလေးသွယ် မီးသင့် လောင်ခဲ့လေသည်။ သက္ကရာဇ် ၁၂၄၆ ခုနှစ် တွင် ခမည်းတော် သင်္ဂါယနာ တင် မင်းတုန်းမင်း တရား ကြီး ကဲ့သို. သာသနာတော် ကို အလွန် ရိုသေ ကီုင်းရှီုင်း ကြည်ညိုသည့် မင်း ဖြစ်တော် မှု သည့် အတီုင်း သီပေါမင်းတရားကြီး သည် တန်ခူးလပြည့်ကျော် ၇ ရက်နေ. တွင် ထာဝရ အုတ်ပြသာခ် တော် များ တည်ဆောက်နေ မှု မပြီးစီင်္းသေးမိ အတွင်း ပြည်သူ တို. ၀င်ထွက် ဖူးမျှော်ရန် ရှိရင်း ဂန္ဓကုဋိအထက် တွင် ဘုံသုံးဆင့် အထွဋ် ထုပိကာ တင် ရွှေထီး အထွဋ် တင် ထုပိကာ တင် ရွှေထီးစိုက် သွပ်ပြား မီုး တန်ဆောင်း နှင့် အာရုံခံ စမြင် အုတ်ကြွပ် မိုး ဆောက်လုပ် ရန် ငွေတော် ( ၁၈၃၆၀) ကျပ် ထုတ် ပေးတော် မှု ခဲ့ လေသည်။ ကဆုန်လပြည့်ကျော် (၈) ရက်နေ. တွင် ဆောက်လုပ် ပြီးစီး ၍ ရွှေထီးတော်တင်ရန် ၀န်ရှင်တော် တိုင်တားမြို.စား မင်းကြီး ၊ ပညာဝန်ထောက် ၊ဆရာဝန်ထောက် တို.ကို သွားရောက် ၍ ကြီးကြပ်လှူစေခဲ့လေသည်။

ဝါဆို လဆန်း ၁၃ ရက် နေ. စနေ နေ. တွင် တပ်ဝင်းအခမ်းအနား တို.ဖြင့် ကြီးကြယ် ခမ်းနား စွာ ကျင်းပ ပြုလုပ် ၍ မဟာမုနိ ဘုရားရှေ. တောင်ဘက် စံနန်းတော် သို. သီပေါမင်းတရားကြီး နှင့် မီဖုရားခေါင်ကြီးစုဖုရားလတ် တို. သည် ရုပ်ပွါးတော် မြတ် ကို ရိုသေစွာ လင်္ကျာရစ် ရိုခီုး ကြည်ကြို ပူဇော်ကြပြီး လျှင် မှုးတော် မတ် တော် အစုံအညီ နှင့် ကောင်းမြတ်သော အခါတော် ကျ ရောက် သော အခါ ၀ိသုကြုံ ရွှေမကိုဋ်တော် ၊ရွှေစလွယ်တော် ၊ သပိတ်တော် ၊ ရွှေယပ်တောင်တော် ၊ တို.ကို အမြောက် ၃၈ ချက် ပစ်ဖေါက်၍ နေ.ချင်းပြီး တင်လှူ တော်မှုခဲ့ပြီး မျက်နှာ တော် ဖွင့်ပေးခဲ့ကြလေသည်။

မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် သီပေါမင်းတရား ကြီး ပါတော်မှု ပြီး ၃ နှစ် မှ ၇ နှစ် အတွင်း စောင်းတန်း(၄) ခု ဆောက်လုပ် ခဲ့ကြလေသည်။ မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ် တွင် မုခ် များ အတွင်းနံရံ နှင့် မျက်နှာကျက် တွင် ရှိ သော နံရံပန်းချီ ၊ အုတ် စောင်းတန်း များ ၌ အင်္ဂတေး အမွမ်းပန်း များ ကို ပန်းချီတော် ဦကျော်ညွှန်. ၏ လက်အောက် တော်သုံး မြန်မာပန်းချီ ဆရာကြီး ဖြစ်သည့် ညောင်ပင်ဈေး ဦးမောင်ကြီး က ဦးစီး ပြီး ရေးဆွဲ ပေးခဲ့ လေသည်။ ထိုနံရံ ပန်းချီ များ တွင် ဗုဒ္ဓ၀င် ခန်း ၊ ရာဇ၀င်ခန်း ၊ ဂြိုလ်ခွင် များ ၊ နက္ခတ် များ ၊ရဟန်းတော် တို. ၏ ဘွဲ.တော် များ ၊ထိုခေတ် ခရီးသွား ဟန် များ ၊လူတန်းစား အသီးသီး ၏ ခေတ် အသီးသီး ဆင်ယင်ထုံးဖွဲ . မှု များ ကို မှတ်တမ်း တင် ရေးဆွဲ ထားလေ သည်။

မြန်မာသက္ကရာဇ် ၁၂၅၈ ခုနှစ် တွင် အရင် ဂန္ဓကုဋိ တိုက်တော် ကို ငုံ ၍ ကင်းဝန်မင်းကြီး က မြန်မာ့ ဗိသုကာ ပညာရှင် များ ကို ဦးစီးကာ အနောက်တီုင်း အင်ဂျင်နီယာ ဗိသုကာ ပညာ ရှင် တို. နှင့် ပေါင်း ပြီး လက်ရှိ တိုက်တော် ကို တည်ဆောက် ခဲ့ ကြလေသည်။

ခရစ်သက္ကရာဇ် ၁၉၄၅ ခု ၁၉၄၈ ခု နှစ် ဒုတိယ ကမ္ဘာစစ် ကြီး ဖြစ်သော အခါ မဟာမုနိရုပ်ရှင်တော် မြတ် ကို ဆရာတော် သံဃာ တော် များ က နေ.ည မပြတ် အလှည့်ကျ စောင့်ရှောက် ခဲ့ကြလေသည်၊ လက်ရှိ ယခု အခါ အလှည့်ကျ ဂေါပက အဖွဲ. ဖြင့် ဗုဒ္ဓ ဝေယျာဝစ္စ နှင့် ပုံမှန် ထီန်းသီမ်းမှု များ ဆောင်ရွှက် လျက် ရှိလေသည်။
အားလုံးကျေးဇူးတင်လျှက် <ချစ်သူပျော်ဖို.ဖန်ဆင်းရှင်>

No comments:

Post a Comment